ရွှေရင်အေးပြီး ကျန်းမာစေမယ့် ကြံရည်လေး
နေပူရှိန်ပြင်းတဲ့ကာလမျိုးတွေမှာဆိုရင် ဘယ်အချိန်သောက်သောက် ရင်အေးစေတဲ့ ကြံရည်ချိုချိုလေးက အမောတင် ပြေစေတာမဟုတ်ဘဲ ကျန်းမာရေးကိုလည်း ထောက်ကူပေးပါသေးတယ်တဲ့။ ဘယ်လို ထောက်ကူပေးလဲဆိုတာ ကိုယ်တိုင်သာ ကြည့်လိုက်တော့နော်။
ကြံရည် ဆိုရာဝယ်
လတ်လတ်ဆတ်ဆတ် ကြံချောင်းကို သံနဲ့ လုပ်ထားတဲ့ ကြိတ်စက်ထဲ ထည့်ကြိတ်ပြီး ရလာတဲ့ အရည်ကို ကြံရည်လို့ ခေါ်တာပါ။ ကြံရည်ကို ရေခဲထည့်ပြီး သောက်လို့ရသလို သံပရာရည်၊ ချင်း (ဂျင်း)၊ ဆားနဲ့ ပူစီနံရွက်တို့ ထည့်ပြီး သောက်လို့ ရပါတယ်နော်။ အရသာရှိသလို နွေပူပူမှာ ရင်အေးသွားစေတဲ့ သောက်စရာတစ်မျိုးဆိုလည်း မမှားပါဘူး။ တစ်ခု သတိပေးချင်တာက သကြားပါဝင်မှု များတယ်ဆိုတာပါ။
ချိုချိုလေးနဲ့ ရင်အေးပြီး ခံတွင်းရှင်းစေတဲ့ ကြံရည်ထဲမှာ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ မဂ္ဂနိစ်၊ အမိုင်နိုအက်ဆစ်၊ ဇင့်၊ သီရာမင်းနဲ့ Riboflavin တို့ ပါဝင်သလို သကြားဓာတ် နဲ့ အမျှင်ဓာတ်တို့လည်း ပါဝင်နေပါတယ်။
ကြံရည် နဲ့ ကျန်းမာရေး
ချိုချိုလေးနဲ့ သောက်လို့ကောင်းတဲ့ ကြံရည်သောက်ရင်း ရမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့ တော်တော်လေး များပါတယ်။
- အသားအရေ ကျန်းမာစေတယ်
ဝက်ခြံ၊ အရေပြားမွဲခြောက်တာတွေ သက်သာစေဖို့အတွက်လည်း ကြံရည် သောက်ပေးလို့ရပါတယ်။ ဗီတာမင် တွေ ပါဝင်နေတာကြောင့် အသားအရေ ကျန်းမာစေဖို့ အားဖြည့်ပေးနိုင်မှာပါ။ အရောင်ကျစေနိုင်ပြီး အရေပြားဆဲလ်တွေ အသစ်ဖြစ်စေသလို အနာကျက်စေဖို့ ထောက်ကူပေးပါတယ်။
- ကိုယ်ခံအား ကောင်းစေတယ်
ကြံရည်ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်တစ်ခုက ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ ကိုယ်ခံအားကို အားဖြည့်ပေးပြီး အအေးမိဖျားနာမှု ကင်းစေဖို့ ထောက်ကူပေးတာပါ။ ဖျားနာမှု ကင်းချင်ရင် ကြံရည်သောက်ပေးလို့ ရပါတယ်။
- အရိုးတွေ သန်မာစေတယ်
ကြံရည်ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်တစ်ခုက အရိုးတွေကို သန်မာစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။ အရိုးသိပ်သည်းဆ ကျဆင်းတာကိုလည်း ကာကွယ်ပေးပါသေးတယ်။
- အသည်း ကျန်းမာစေတယ်
ကြံရည်က အသည်းက ကိုယ်တွင်းက ဓာတ်ဆားဓာတ်တွေကို မျှတအောင် လုပ်ဆောင်ပေးရင်း အသည်း ကျန်းမာစေပြီး လုပ်ငန်းဆောင်တာတွေကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်စေဖို့ အားဖြည့်ပေးပါတယ်။
- အစာကြေစေတယ်
အမျှင်ဓာတ် ကြွယ်ဝမှုက အစာခြေစနစ်ရဲ့ လှုပ်ရှားမှု ကောင်းစေပြီး ဝမ်းပျော့ပျော့ သွားစေဖို့ ထောက်ကူပေးပါတယ်။ ဝမ်းမှန်ချင်တယ်ဆိုရင် ကြံရည် သောက်ပေးလို့ ရပါတယ်။
- ကင်ဆာဖြစ်နိုင်ခြေ လျှော့ချပေးတယ်
ကြံရည်မှာ အင်ဒီအောက်ဆီးဒင့်တွေနဲ့ ဗီတာမင်တွေ ကြွယ်ဝစွာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကလည်း အူမကြီးကင်ဆာ အပါအဝင် ကင်ဆာအမျိုးအစား အချို့ကို ကာကွယ်ပေးနိုင်ပါတယ်။
မွန်မွန်